Euro 2016

ယမကာပိတ်ပင်မည့် ပြင်သစ်

Jun 13 , 2016

အင်္ဂလန်နှင့် ရုရှ၊ ဂျာမနီနှင့် ယူကရိုန်းတို့မှ ပရိသတ်များအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ပွဲစဉ်ရှိသည့် နေ့များတွင် ပရိသတ်ရှိရာနယ်မြေများ၌ ယမကာရောင်းချသောက်သုံးခွင့် ပိတ်ပင်ထားပြီဖြစ်သည်။

အင်္ဂလန်နှင့် ရုရှမှ ပရိသတ်များသည် ပွဲစဉ်မစတင်မီ အရက်ဘားနှင့် လမ်းများပေါ်၌ ခိုက်ရန်ဖြစ်ပွားခဲ့သကဲ့သို့ အင်္ဂလန်ပရိသတ်နှင့် ပြင်သစ်လူငယ်တစ်စုတို့လည်း မာဆေးလ်မြို့တွင် ပြဿနာတက်ခဲ့ကာ ဂျာမနီနှင့် ယူကရိုန်း ပရိသတ်တို့မှာ လိုင်လီတွင် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ယူရို ၂၀၁၆ ပြိုင်ပွဲများ ကစားမည့်မြို့ကြီး ၁၀မြို့တွင် ပွဲစဉ်ရှိသည့်နေ့များ၌ ပရိသတ်များစုဝေးရာ သတ်မှတ်နယ်မြေများ၌ ယမကာရောင်းချသောက်သုံးခွင့်ကို ပြင်သစ်အစိုးရအမိန့်ဖြင့် ပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်သည်။

UEFAကလည်း အပြင်းအထန်ထိခိုက် နာကျင်မှုများ ရှိစေခဲ့သော အင်္ဂလန်နှင့် ရုရှပရိသတ်များအတွက် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များထံ သတိပေးမှုများ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။

 

U Myo Thant




<< Back Euro 2016


Advertisement
Here