Euro 2016

၂မိနစ်အတွင်း ဂိုးသွင်းပြသူ

Jun 13 , 2016

ယူကရိုန်းနှင့် ကစားရသောပွဲစဉ်တွင် ဒဏ်ရာမှ ပြန်လာသော ဂျာမနီကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါက ၀င်ကစားပြီး ၂မိနစ်အကြာတွင် အနိုင်သေချာစေမည့် ဂိုးကို သွင်းယူပေးခဲ့သည်။

မန်ယူအသင်းသား စတိုင်ဂါမှာ မတ်လ ၂၀ရက်နောက်ပိုင်းမှစ၍ ဒူးဒဏ်ရာကြောင့် မန်ယူနှင့် ဂျာမနီတို့အတွက် မကစားနိုင်ခဲ့ပဲ ယခုဒဏ်ရာပြန်လည်သက်သာလာသည့်အချိန်တွင် ဂျာမနီအတွက်  ပထမဆုံး ပြန်ကစားနိုင်ခြင်းဖြစ်သည်။

ယူရို ၂၀၁၆ အဖွင့်ပွဲစဉ်ဖြစ်သည့် ထိုပွဲတွင် ဂျာမနီက မူစတာဖီ၏ ၁၉မိနစ်ဂိုးဖြင့် ဦးဆောင်နေခဲ့ပြီး မိနစ် ၉၀တွင် စတိုင်ဂါက ဂေါ့ဇီအစား လူစားဝင်ကစားရခဲ့ကာ ပွဲချိန် ၉၂မိနစ်တွင် ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

အုပ်စုတွင်းမှ ပိုလန်မှာ မြောက်အိုင်ယာလန်ကို ၁းဝဖြင့် အနိုင်ရခဲ့သဖြင့် ဂျာမနီနှင့် အတူ ၃မှတ်ရထားပြီး လာမည့် ဒုတိယပွဲစဉ်တွင် ဂျာမနီနှင့် ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here