La-liga News

နည်းပြသစ်ခန့်မည့် ဆီဗီးလား

Jun 13 , 2016

လက်ရှိနည်းပြ အင်မရီမှာ အသင်းပြောင်းတော့မည့်ဖြစ်သဖြင့် ဆီဗီးလားအသင်းက နည်းပြသစ်ခန့်အပ်နိုင်ရန် ချီလီနည်းပြဟောင်း ဆမ်ပါအိုလီနှင့် ဆွေးနွေးနေကြောင်း သိရသည်။

အင်မရီမှာ ဆီဗီးလားအသင်းကို ယူရိုပါလိဂ်ဖလား ၃ကြိမ်ဆက်တိုက် ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ပြင်သစ်ထိပ်တန်း ကလပ် တစ်ခုဖြစ်သော PSG သို့ ပြောင်းရွှေ့တော့မည်ဖြစ်သောကြောင့် ဆီဗီးလားအသင်းက ဆမ်ပါအိုလီနှင့်  ဆွေးနွေးနေခြင်းဖြစ်သည်။

အသက် ၅၆နှစ်အရွယ် ဆမ်ပါအိုလီမှာ လွန်ခဲ့သော ဇန်န၀ါရီလက ချီလီလက်ရွေးစင်အသင်းနည်းပြအဖြစ်မှ နှုတ်ထွက်ခဲ့သူဖြစ်ပြီး ခီလီကို ကိုပါအမေရိက ၂၀၁၅ဖလား ရရှိစေခဲ့သူဖြစ်သည်။

လက်ရှိတွင် PSG အသင်းကို လောရင့်ဘလန့်စ်က ကိုင်တွယနေသော်လည်း ယခုနွေတွင် အသင်းနှင့် လမ်းခွဲလိမ့်မည်ဟု သတင်းထွက်နေသူဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here