Euro 2016

စောင့်ကြည်နေဆဲ ဘော့စကေး

Jun 13 , 2016

ချက်အသင်းနှင့် ကစားရမည်ပွဲအတွက် လူစာရင်းထုတ်ရန် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဘော့စကေး က ပြောဆိုလိုက်သည်။

စပိန်အသင်းမှာ ယနေ့ညတွင် ချက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ဂိုးသမား ဒီဂီရာကို ပွဲထွက်ကစားစေမည်လားဟူသော အမေးနှင့် ပတ်သက်၍ ဘော့စကေးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကျနော်တို့အနေနဲ့ ဘယ်ကစားသမား ဘယ်လောက်ကစားနိုင်မလဲ၊ ကြံ့ခိုင်မှုဘယ်လောက်ရှိသလဲ စောင့်ကြည့်နေဆဲပါ။ ဒီဂီရာတစ်ယောက်တည်းကို ကြည့်နေတာမဟုတ်ပါဘူး။ တစ်သင်းလုံးရဲ့ အနေအထားကို ကြည့်နေတာပါဟု ဘော့စကေးက ပြောဆိုခဲ့သည်။

စပိန်အသင်းမှာ လွန်ခဲ့သော ၂နှစ် ဘရာဇီး ကမ္ဘာ့ဖလားပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော အသင်းဖြစ်ပြီး ယခုပြိုင်ပွဲအတွက် အပြောင်းအလဲအချို့နှင့်အတူ  ပြင်ဆင်ထားကြောင်း ဘော့စကေးက ပြောဆိုခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here