Euro 2016

ဘယ်လ်ဂျီယံအကြောင်းပြောတဲ့ ကွန်တီ

Jun 13 , 2016

ဘယ်လ်ဂျီယံအနေနှင့် ယူရို ၂၀၁၆ ဗိုလ်စွဲနိုင်သော အသင်းများထဲတွင် ပါဝင်နေသည်ဟု ယနေ့ည ဘယ်လ်ဂျီယံနှင့် ကစားရတော့မည့် အီတလီနည်းပြ ကွန်တီက ပြောဆိုလိုက်သည်။

အီတလီအသင်းမှာ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်သော အသင်းများထဲ၌ မပါဝင်ဟုခန့်မှန်းခံထားရသောအသင်းဖြစ်ပြီး လူငယ်ခြေတက်များနှင့် ဖွဲ့စည်းထားသော ဘယ်လ်ဂျီယံနှင့် ယနေ့ည လိုင်ယွန်ကွင်းတွင် ကစားရမည်ဖြစ်ကာ ကွင်းလယ်ဒိုင်မှာ အင်္ဂလန်မှ ကလက်တန်ဘာဂ်ဖြစ်သည်။

လာမည့် ပရီးမီးယားရာသီအစတွင် ချဲလ်ဆီးကို ကိုင်တွယ်ရတော့မည့် ကွန်တီမှာ ယခုပြိုင်ပွဲ၌ အီတလီကို နိုင်ပွဲများရရှိရန် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမည်ဟု ပြောဆိုခဲ့ဘူးသူဖြစ်သည်။

သူက လက်ရှိအချိန်နှင့် လာမည့် အနာဂတ်မှာ ဘယ်လ်ဂျီယံအတွက် ကစားသမားကောင်းတွေ ရှိနေဦးမှာမို့ အသင်းကောင်းတစ်သင်းအဖြစ် မြင်ရဦးမှပါ။ သူတို့ရဲ့ ပွဲဦးထွက် ၁၁ယောက်ကိုပဲ မကြည့်ပါနဲ့၊ အရန်ခုံမှာလည်း ခြေစွမ်းရှိတဲ့ ကစားသမားတွေပါနေပါသေးတယ်ဟု ပြောဆိုသွားခဲ့သည်။

အီတလီအသင်းမှာ အုပ်စုတွင်းတွင် ဘယ်လ်ဂျီယံ၊ အိုင်ယာလန်၊ ဆွီဒင်အသင်းများနှင့် ဆုံတွေ့ရမည်ဖြစ်သည်။

 

U Myo Thant




<< Back Euro 2016


Advertisement
Here