Euro 2016

သက်သာလာတဲ့ ဒီမာရီယာ

Jun 14 , 2016

ပနားမားနှင့်ပွဲတွင် ဒဏ်ရာရသော အာဂျင်တီးနားလက်ရွေးစင် ဒီမာရီယာမှာ သက်သာလာပြီဟု သိရသည်။

ပနားမားကို ၅းဝဖြင့် နိုင်သော ပွဲ၏ ပထမပိုင်းတွင် ထိုဒဏ်ရာရရှိခဲ့ပြီး ယမန်နေ့က လေ့ကျင့်ရေးဆင်းနေပြီဖြစ်သည်။

အာဂျင်တီးနားအသင်းမှာ မနက်ဖြန် ဇွန်၁၅ရက် နံနက်ပိုင်းတွင် ဘိုလီးဗီးယားနှင့် ကစားရမည်ဖြစ်ပြီး ပွဲဦးထွက် ပွဲစဉ်၂ပွဲကို နိုင်ထားပြီးဖြစ်သဖြင့် ကွာတားတက်ရန်သေချာနေပြီး နောက်တစ်နေရာအတွက် ချီလီနှင့် ပနားမားပွဲမှ အနိုင်ရသူက တက်လာမည်ဖြစ်သည်။

ဒီမာရီယာနှင့် ပတ်သက်၍ နည်းပြ မာတီနိုက ဒီမာရီယာဟာ လေ့ကျင့်ရေးမှာ အတော်လေးအခြေအနေကောင်းလာ တာ တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်ပွဲမှာ ပါနိုင်မလဲဆိုတာကိုတော့ ကျနော် မပြောနိုင်သေးပါဘူး ဟု ပြောဆိုခဲ့သည်။

၂၈နှစ်သား ဒီမာရီယာအနေနှင့် ဒဏ်ရာသက်သာခါစဖြစ်သဖြင့် များစွာအရေးမကြီးလှသော ဘိုလီးဗီးယားနှင့် ပွဲတွင် ၀င်ကစားရန်မသေချာပေ။

 

U Myo Thant




<< Back Euro 2016


Advertisement
Here