Euro 2016

အသင်းကိုသတိပေးတဲ့ နည်းပြ

Jun 14 , 2016

အင်္ဂလန်နှင့် ကစားရမည့်ပွဲတွင် အသင်းသားများအနေနှင့် အခြားအကြောင်းအရာများထက် ပွဲကိုသာ အာရုံစိုက်ကစား ရန် ဝေလအသင်းနည်းပြ ကိုးလ်မန်းက ပြောဆိုလိုက်သည်။

အိမ်နီးချင်း ၂နိုင်ငံဖြစ်သော အင်္ဂလန်နှင့် ဝေလတို့မှာ  ယူရို၂၀၁၆ အုပ်စု B တွင် ပါဝင်နေပြီး ဝေလမှာ စလိုဗက်ကီးယားကို အနိုင်ရထားသဖြင့် အုပ်စုကို ဦးဆောင်နေပြီး အင်္ဂလန်နှင့်ပွဲတွင်ပါ အနိုင်ရခဲ့ပါက နောက်တစ်ဆင့်တက်ရန် အခွင့်အရေးရမည်ဖြစ်ကာ အင်္ဂလန်အနေနှင့် ရုရှနှင့် သရေကျထားသောကြောင့်  ဝေလနှင့် ပွဲတွင် ရုန်းကန်ရမည်ဖြစ်သည်။

ကိုးလ်မန်းက အခုပွဲမှလည်း ကျနော်တို့ဟာ ဖျက်မြင်းအဆင့်အသင်းနဲ့ပဲရှိနေမှာပါ။ အင်္ဂလန်ကတော့ ဒီပွဲကို နိုင်ဖို့ မျှော်လင့်ထားပါလိမ့်မယ်။ တကယ်လို့ ပထမဆုံး ပွဲမှာ ကျနော်တို့ ရှုံးခဲ့ရင် အဲဒီအဓိပ္ပါယ်က အိမ်ပြန်ရမယ် အသင်းလို့ မဆိုလိုနိုင်သလို နိုင်ခဲ့ရင်လည်း ဒီပြိုင်ပွဲမှာ ဆက်ရှိနေဦးမှာပါလို့ မပြောနိုင်ပါဘူး။ ကျနော်တို့အနေနဲ့ ကျနော်တို့ ဘာကိုလိုချင်တယ်ဆိုတာကို သဘောပေါက်ထားပြီးဖြစ်အောင် ကြိုးစားနေဖို့က အရေးအကြီးဆုံးပါ။ အခုပွဲဟာလည်း ဘောလုံးပွဲတစ်ပွဲပါပဲ၊ ကစားသမားတိုင်း ကိုယ့်တာဝန်ကိုယ့်ကျေအောင် ကစားသွားနိုင်ရင် ကျနော်တို့လိုချင်တာတွေ ဖြစ်လာပါလိမ့်မယ်ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here