La-liga News

ဒဏ်ငွေဆောင်မည့် ဘာစီလိုနာ

Jun 14 , 2016

နေမာကိုခေါ်ယူခဲ့သည့် ကိစ္စတွင် အခွန်ရှောင်တိမ်းခဲ့သည်ဟု စွပ်စွဲခံနေရသည့် ဘာစီလိုနာအသင်းမှာ ဒဏ်ငွေပေါင် ၄.၃သန်းကို ပေးဆောင်ရန် သဘောတူလိုက်ပြီဖြစ်သည်။

နေမာ၏ အပြောင်းအရွှေ့တွင် အခွန်သက်သာစေရန် အမှန်တကယ်ပေးချေရသည့် ပြောင်းရွှေ့ကြေး ထက်လျော့နည်းဖော်ပြခဲ့သည်ဟု ၂၀၁၄ကတည်းကပင် စပိန်မှာ အခွန်ဆိုင်ရာ တာဝန်ရှိသူများက စွဲချက်တင်ခဲ့ပြီး ဘာစီလိုနာကမူ မည်သည့်အမှားကိုမျှ မပြုလုပ်ခဲ့ကြောင်း ငြင်းဆန်နေခဲ့ရာမှ ယခုဒဏ်ကြေးပေးဆောင်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာမှ မက်ဆီမှာလည်း အခွန်ရှောင်တိမ်းမှုဖြင့် ဖခင်ဖြစ်သူနှင့်အတူ စွဲချက်တင်ခံခဲ့ရကာ တရားရုံးသို့ သွားရောက်ရင်ဆိုင်နေရဆဲဖြစ်သည်။

နေမာမှာ လွန်ခဲ့သော ၂၀၁၅-၁၆ရာသီတွင် ဘာစီလိုနာအတွက် ၃၄ပွဲကစား ၂၄ဂိုးသွင်းနိုင်ခဲ့ပြီး ဂိုးရရန် ၁၂ကြိမ် ပေးပို့ကူညီနိုင်ခဲ့သူဖြစ်သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here