Coppa Italia Cup News

ယုံကြည်မှုပိုရှိလာတဲ့ ချီလီ

Jun 15 , 2016

အုပ်စုနောက်ဆုံးပွဲစဉ်အဆုံးအဖြတ်ပွဲတွင် ဗွေဆော်ဦး ဂိုးပေးခဲ့ရသော်လည်း အနောက်မှ လိုက်ကစားကာ ပနားမားကို ၄း၂ဖြင့် နိုင်ခဲ့ပြီးနောက် ချီလီအသင်းမှာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရန် ယုံကြည်မှုပိုရှိလာစေသည်ဟု တိုက်စစ်မှုး ဗားဂက်စ်က ပြောဆိုလိုက်သည်။

ထိုပွဲတွင် ဗားဂက်စ်က ၂ဂိုးနှင့် ဆန်းချက်ဇ်က ၂ဂိုး သွင်းယူပေးနိုင်ခဲ့ကြသည်။

ဟော့ဖန်ဟိန်း တိုက်စစ်မှုးဖြစ်သူ ၂၆နှစ်သား ဗားဂက်စ်က အခုပွဲဟာ ကျနော်တစ်ယောက်တည်းအတွက် မဟုတ်ပဲ တစ်သင်းလုံးအတွက် အရေးပါတဲ့ပွဲပါ။ ကျနော်တို့ဟာ တောင်အမေရိက ချန်ပီယံဖြစ် သလို ကျနော်တို့ မနှစ်က ခြေစွမ်းမျိုး ပြန်မပြနိုင်သေးတဲ့အတွက် ယုံကြည်မှုတွေပိုတိုးလာစေသလိုကျနော်တို့ မျှော်မှန်းတဲ့ ပန်းတိုင်ရောက်ဖို့အတွက် အင်အားတွေဖြစ်လာပါစေတယ် ဟုပြောဆိုသွားခဲ့ သည်။

၂၀၁၅ ကိုပါအမေရိကချန်ပီယံ ချီလီမှာ လာမည့် တနင်္ဂနွေနေ့ ကွာတားဖိုင်နယ်တွင် မက္ကဆီကိုနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ရခဲ့ပါက ပီရူး(သို့မဟုတ်)ကိုလံဘီယာနှင့် ဆီမီးတွင် တွေ့ဆုံရမည်ဖြစ်သည်။

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here