Coppa Italia Cup News

ကိုပါအမေရိက ကွာတားပွဲများ

Jun 15 , 2016

ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များကို ယနေ့နနက်က ယှဉ်ပြိုင်ပြီးစီးသွားပြီဖြစ်ပြီး လာမည့် သောကြာနေ့နံနက် မှစ၍ ကွာတားဖိုင်နယ်ပွဲများ စတင်တော့မည်ဖြစ်သည်။

ယနေ့နံနက်ပွဲစဉ်များတွင် ချီလီနှင့် အာဂျင်တီးနားတို့ အနိုင်ရရှိခဲ့ကြသည်။

ကွာတားဖိုင်နယ်ပွဲများတွင် သောကြာနေ့၌ အမေရိကနှင့် အီကွေဒေါ၊ စနေနေ့၌ ပီရူးနှင့် ကိုလံဘီယာ၊ တနင်္ဂနွေနေ့၌ အာဂျင်တီးနားနှင့် ဗင်နီဇွဲလား၊ မက္ကဆီကိုနှင့် ချီလီတို့ ကစားရမည်ဖြစ်သည်။

၂၂ရက်နေ့ ဆီမီးဖိုင်နယ်ပွဲတွင် အမေရိက - အီကွေဒေါပွဲမှနိုင်သူနှင့် အာဂျင်တီးနား - ဗင်နီဇွဲလားပွဲမှ နိုင်သူ၊ ၂၃ရက်နေ့တွင် ပီရူး - ကိုလံဘီယာပွဲမှ နိုင်သူနှင့် မက္ကဆီကို - ချီလီပွဲမှ နိုင်သူတို့ တွေ့ဆုံကြ မည်ဖြစ်သည်။

တတိယနေရာလုပွဲကို ၂၆ရက်နေ့၌ ကစားရမည်ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို ၂၇ရက်နေ့တွင် ကစားရမည်ဖြစ်သည်။

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here