Euro 2016

ပရိသတ်ရန်ဖြစ်လျှင်ထွက်ရမည့် ရုရှ

Jun 15 , 2016

အင်္ဂလန်ပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သော ရုရှပရိသတ်များအနေနှင့် လာမည့်ပွဲစဉ်ရက်များအတွင်း ထပ်မံပြဿနာရှာပါက ရုရှအသင်းကို ယူရိုပြိုင်ပွဲမှ ထုတ်ပယ်ပစ်မည်ဖြစ်ပြီး ဒဏ်ငွေယူရို တစ်သိန်းခွဲပေးဆောင်ရန် အမိန့်ထုတ်ပြန်ထားပြီဖြစ်သည်။

လွန်ခဲ့သော စနေနေ့က မာဆေးလ်တွင် ရုရှပရိသတ်များနှင့် အင်္ဂလန်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အင်္ဂလန်ပရိသတ် ၆ဦးမှာ ထောင်ဒဏ်ချ အပြစ်ပေးခံခဲ့ရသည်။

ရုရှပရိသတ်များဘက်တွင် အတွေ့အကြုံရှိ ကြိုတင်လေ့ကျင့်ထားသည့် လူ၅၀ခန့်ပါဝင်ခဲ့ပြီး ၎င်းတို့မှာ ယခုကဲ့သို့ ဖြစ်ရပ်မျိုးတွင် အကျွမ်းတ၀င်ရှိနေကြောင်း ပြင်သစ်တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ကာ UEFA က ရုရှကိုဒဏ်ငွေ ယူရိုတစ်သိန်းခွဲနှင့် ဆိုင်းငံ့ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရုရှအသင်းမှာ ယနေ့ညတွင် စလိုဗက်ကီးယားနှင့် လန်းစ်တွင် ကစားရမည်ဖြစ်ပြီး အင်္ဂလန်က မနက်ဖြန်တွင် လန်းစ်မြို့အနီးမှ လိုင်လီတွင် ဝေလနှင့် ကစားရမည်ဖြစ်သည်။

ရုရှပရိသတ်များအနေနှင့် ရုရှပွဲအပြီးတွင် လိုင်လီသို့ သွား၍အင်္ဂလန်ပရိသတ်များနှင့် ထပ်မံထိပ်တိုက်ရင်ဆိုင်မည်ကို ရုရှဘောလုံးအဖွဲ့ချုပ်နှင့် UEFAတို့က စိုးရိမ်လျက်ရှိနေသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here