Euro 2016

ရဲပေါင်း ၄၀၀၀ထပ်ဖြည့်မည့် အင်္ဂလန်ပွဲ

Jun 15 , 2016

မနက်ဖြန် လိုင်လီတွင် ကစားရမည့် အင်္ဂလန်နှင့်ပွဲစဉ်အတွက် ပြင်သစ်အစိုးရက ရဲတပ်ဖွဲ့ဝင် ၄၀၀၀ထပ်မံ အင်အားတိုးတာဝန် ချထားမည်ဟု ဆိုသည်။

ရုရှအသင်း ကစားမည့် လန်းစ်နှင့် အင်္ဂလန်ကစားမည့် လိုင်လီတို့တွင် အရက်ဘားဆိုင်ပေါင်း ၃၅၀ကျော်ကို ယနေ့နံနက်မှစ၍ ပိတ်ခိုင်းထားပြီး သောကြာနေ့တွင်မှ ပြန်ဖွင့်ရမည်ဖြစ်သည်။

လန်းစ်နှင့် လိုင်လီတို့မှာ နီးကပ်စွာတည်ရှိသော မြို့၂မြို့ ဖြစ်သည့်အတွက် ရုရှပရိသတ်များနှင့် အင်္ဂလန်ပရိသတ်များ ထပ်မံထိပ်တိုက်တိုးကြမည်ကို တားဆီးနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင် ၄၀၀၀ကို ယခင်တာဝန်ကျရဲများနှင့်အတူ ထပ်မံအင်အားတိုးချထားခြင်းဖြစ်သည်။

လက်မှတ်မပါသော အင်္ဂလန်ပရိသတ်များ လိုင်လီသို့ မသွားရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က မေတ္တာရပ်ခံထားပြီး အကယ်၍ သွားရောက်ခဲ့ပါကလည်း လက်မှတ်မဲ့ ပရိသတ်များမှာ သတ်မှတ်ထားသော ပရိသတ်ဇုန်တွင်သာ နေရမည်ဖြစ်ကာ အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းနည်းသော ဘီယာအချို့ကို သောက်သုံးနိုင်မည်ဟုဆိုသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here