Euro 2016

ဖိအားများနှင့် ရုရှ

Jun 16 , 2016

စလိုဗက်ကီးယားနှင့် ပွဲတွင် ၁း၂ဖြင့် ရှုံးခဲ့ရသောကြောင့် ရုရှအသင်းမှာ ယူရို ၂၀၁၆တွင် နောက်တစ်ဆင့်တက်နိုင်ရေးအတွက် ဖိအားများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

စလိုဗက်ကီးယားအသင်းမှာ မျှော်လင့်မထားပဲ ပထမပိုင်းမှာပင် ရုရှဘက်ကို ဦးဆောင်ဂိုး ၂ဂိုး သွင်းလိုက်နိုင်သဖြင့် ရုရှမှာ နောက်မှ အသည်းအသန်လိုက်ကစားခဲ့ရသည်။

သို့သော် အနိုင်သေချာစေရန် စလိုဗက်ကီးယားဘက်မှ ကြိုးစားကစားခဲ့သဖြင့် ရုရှဘက်မှာ မိနစ် ၈၀တွင် နှစ်သိမ့်ချေပဂိုး ၁ဂိုးသာရရှိခဲ့ပြီး အရှုံးပေးလိုက်ရသည်။

ရုရှပါဝင်သော အုပ်စုB တွင် ဝေလက ၁ပွဲကစား ၃မှတ်၊ စလိုဗက်ကီးယားက ၂ပွဲကစား ၃မှတ်၊ အင်္ဂလန်က ၁ပွဲကစား ၁မှတ်၊ ရုရှက ၂ပွဲကစား ၁မှတ်ရရှိထားပြီး စလိုဗက်ကီးယားမှာ အင်္ဂလန်နှင့် ပွဲတွင် အနိုင်ရပါက နောက်တစ်ဆင့်သို့ သေချာပေါက် တက်နိုင်မည်ဖြစ်သည်။

ယနေ့ညတွင် အုပ်စု B မှ အင်္ဂလန်နှင့် ဝေလတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here