Euro 2016

ပရိသတ် ၃၆ယောက် အဖမ်းခံရ

Jun 16 , 2016

ရုရှအသင်းကစားရမည့် လိုင်လီမြို့တွင် ဆူပူသောင်းကျန်းခဲ့သော အင်္ဂလန်ပရိသတ်များကို ပြင်သစ်ရဲများက မျက်ရည်ယိုဗုံးများသုံး၍ လူစုခွဲခဲ့ရပြီး ၃၆ယောက်အဖမ်းခံခဲ့ရကာ ၁၆ယောက်မှ ဆေးရုံသို့ တင် ပို့လိုက်ရသည်။

ရုရှအသင်းက စလိုဗက်ကီးယားကို ရှုံးသွားခဲ့ပြီးနောက် အင်္ဂလန်ပရိသတ်များက ငါတို့ ရုရှကို မုန်းတယ် ဟုအော်ဟစ်ခဲ့ကြကာ ဆူပူသောင်းကျန်းခဲ့ကြခြင်းဖြစ်သည်။

အလားတူ အင်္ဂလန်ပရိသတ် ၁၅ယောက်နှင့် ဝေလပရိသတ်အချို့မှာ ရထားပေါ်တွင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ကြသေးပြီး အင်္ဂလန်နှင့် ဝေလတို့မှာ လိုင်လီမြို့အနီးရှိ လန်းစ်တွင် ယနေ့ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ရုရှပရိသတ်များရှိနေသည့် မာကျူရီဟိုတယ်မှာ လမ်းပေါ်တွင် အင်္ဂလန်ပရိသတ်များရှိနေခြင်းကြောင့် ရုရှပရိသတ်များကို ဟိုတယ် အပြင်ဘက်မထွက်ရန် သတိပေးခဲ့ရသည်ဟု ဆိုသည်။

ပြင်သစ်ရဲတပ်ဖွဲ့ဝင်များမှာ ယနေ့ကစားကြမည့် အင်္ဂလန်-ဝေလပွဲအတွက် လန်းစ်တွင် လုံခြုံရေးများ တိုးမြှင့်ချထားပြီး သတိနှင့် စောင့်ကြည့်ကြောင်း သိရသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here