Euro 2016

ဘရိုင်နီနှင့် ဟာဇတ်နားနေဆဲ

Jun 16 , 2016

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇတ်နှင့် ဘရိုင်နီတို့မှာ ဒဏ်ရာကြောင့် နားနေရဆဲဖြစ်ပြီး လေ့ကျင့်ရေး မဆင်းနိုင်သေးကြောင်း သိရသည်။

အီတလီကို ၂းဝဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် နှစ်ယောက်လုံးပါဝင်ကစားခဲ့သော်လည်း ဘရိုင်နီမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး ဟာဇတ်မှာ ဒူးဒဏ်ရာ ရရှိခဲ့သည်။

နည်းပြ ၀ီလ်မော့က ဘရိုင်နီဟာ ဒဏ်ရာသက်သာဖို့လုပ်နေသလို ဟာဇတ်မှာလည်း ဟိုတယ်မှာပဲ နေခဲ့ပြီး ရေကူး၊ စက်ဘီးစီး အဲဒါတွေကို လုပ်ပြီး ဒဏ်ရာအခြေအနေကောင်းဖို့ ကြိုးစားနေပါတယ်။ သူတို့ လေ့ကျင့်ရေးမဆင်းနိုင်သေးပေမယ့် ကျနော်တို့ စောင့်ကြည့်နေပါတယ်။ ကျနော် ဒီနေ့ အီတလီပွဲသွားကြည့်မှာပါ။ နောက်နေ့မှာလည်း နောက်တစ်ပွဲ ထပ်ကြည့်ပါဦးမယ်။ သူ့တို့ ကစားသမားတွေကို ကြည့်ပြီး ကျနော်တို့ ဘာတွေလိုနေလဲဆိုတာ မြင်လာရမှာပါ။ ကျနော်တို့ အမှတ်မရသေးလို့ လာမယ့်ပွဲမှာ အမှတ်ရဖို့ ကြိုးစားသွားပါ့မယ်ဟု ပြောဆိုသွားခဲ့သည်။

ဘယ်လ်ဂျီယံမှာ အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမည့် စနေနေ့တွင် အိုင်ယာလန်နှင့် ကစားရမည်ဖြစ်သည်။

 

U Myo Thant




<< Back Euro 2016


Advertisement
Here