Euro 2016

နိုင်ပွဲစရသော မြောက်အိုင်ယာလန်

Jun 17 , 2016

ဥရောပချန်ပီယံရှစ် ယူရိုပြိုင်ပွဲများတွင် ယခု ယူရို ၂၀၁၆မှသာ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရ ခဲ့သော မြောက်အိုင်ယာလန်အသင်းသည် ပွဲဦးထွက်နေ့က ပိုလန်ကို ၀း၁ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲဖြစ်သည့် ယူကရိုန်းနှင့်ပွဲတွင် ၂းဝဖြင့် အနိုင်ရရှိခဲ့သည်။

ဂိုးများကို ဒုတိယပိုင်းတွင်မှ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး မြောက်အိုင်ယာလန်ပါဝင်သည့် အုပ်စု C တွင် ဂျာမနီနှင့် ပိုလန်တို့ သရေကျခဲ့ခြင်းကြောင့် နောက်တစ်ဆင့်သို့ မည်သည့် အသင်းများတက်မည်ကို  မှန်းစ၍မရသေးပေ။

လာမည့် နောက်ဆုံးပွဲစဉ်တွင် ယူကရိုန်းနှင့် ပိုလန်၊ ဂျာမနီနှင့် မြောက်အိုင်ယာလန်တို့ ကစားရမည်ဖြစ်ပြီး မြောက်အိုင်ယာလန်အသင်းနှင့် နောက်တစ်ဆင့်သို့ တိုက်ရိုက်တက်ခွင့် မရလျှင်သော်မှ အကောင်းဆုံး တတိယအသင်းများထဲတွင် ပါဝင်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။

မြောက်အိုင်ယာလန်မှ ဂိုးစတင်သွင်းပေးခဲ့သူ ၀က်စ်ဘရွန်း နောက်ခံလူ မက်အောလေးမှာ ယခုပွဲစဉ်၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here