Euro 2016

ပဲရစ်တွင် သတင်းသမားများ တိုက်ခိုက်ခံရ

Jun 17 , 2016

ဘရာဇီးရုပ်/သံ ဌာနတစ်ခု၏ ကင်မရာမင်းနှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့မှာ ယမန်နေ့က ပဲရစ်တွင် ဂျာမနီပရိသတ်တစ်စု၏ ရန်စတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ဘရာဇီး ဘန်ဒီရန်တက်စ် ရုပ်သံဌာနမှ အိုလီဗီယာက သူနှင့်သူလုပ်ဖော်ကိုင်ဘက်တို့မှာ သတဆင်းဌာနအတွက် သတင်းယူရန် ပြင်ဆင်နေချိန်တွင် လူမျိုးရေးခွဲခြား ရန်စမှုနှင့်အတူ ဂျာမနီ ပရိသတ် အဖွဲ့တစ်ဖွဲ့၏ ရန်စတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း၊ ဖြစ်ပွားသည့်နေရာမှာ ဂါရီဒူနော့ရထားဘူတာရုံရှေ့တွင် ဖြစ်ကြောင်း၊ ထိုဘူတာမှာ စတိတ်ဒီဖရန့်အားကစားကွင်းသို့ သွားနိုင်သော ဘူတာဖြစ်ကြောင်း ပရိသတ်အုပ်စုမှာ လူ ၅၀ခန့်ရှိကြောင်း မိမိတို့ကို ထွက်သွား မျိုးမစစ်တွေ သွားကြဟု အော်ဟစ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ယူရို ၂၀၁၆ပြိုင်ပွဲကျင်းပရာ ပြင်သစ်နိုင်ငံရှိ ကစားပွဲကျင်းပမည့် မြို့များတွင် လုံခြုံရေးရဲများ တင်းကြပ်စွာ ချထားသည့်ကြားမှ ပရိသတ်သောင်းကျန်းမှုများမှာ နေ့စဉ်လိုလို ဖြစ်ပွားနေပြီး ပြိုင်ပွဲစတင်သည့် ဇွန်လ ၁၀ရက်နေ့မှစ၍ အဖမ်းခံထားရသူပေါင်းမှာ ၃၂၃ယောက်ရှိနေပြီဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here