Coppa Italia Cup News

ဆီမီးတက်သော အမေရိကန်

Jun 17 , 2016

ကိုပါအမေရိက ၂၀၁၆ပြိုင်ပွဲ ပထမကွာတားဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်အမေရိကန်အသင်းမှာ အီကွေဒေါကို ၂း၁ဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

ဆီယက်တယ်လ်တွင် ကျင်းပသော ထိုပွဲတွင် အမေရိကန်မှ ဒမ့်ဆေးက ၂၂မိနစ်တွင် ဦးဆောင်ဂိုးစတင်သွင်းယူပေးခဲ့သည်။

ပထမပိုင်းတွင် အမေရိကန်က တစ်ဂိုးအသာဖြင့် ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ၅၂မိနစ်တွင် အမေရိကန်မှာ ဂျုန်းစ်က တိုက်ရိုက်အနီဖြင့်လည်းကောင်း၊ အီကွေဒေါမှ ဗလင်စီယာက ၂၀ါ ၁နီဖြင့်လည်းကောင်း ထွက်ခဲ့ကြရသည်။

ထို့နောက် ၆၅မိနစ်တွင် ဒမ့်ဆေး၏ ပေးပို့မှုမှာ တစ်ဆင့် ဇာဒက်စ်က အမေရိကန်အတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး ၇၄မိနစ်တွင် အီကွေဒေါမှ အာရိုယိုက ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း နောက်ထပ်ချေပဂိုးမရခဲ့သဖြင့် အမေရိကန်က အနိုင်ရသွားခြင်းဖြစ်သည်။

အမေရိကန်အသင်းမှာ အာဂျင်တီးနားနှင့် ဗင်နီဇွဲလားပွဲမှ နိုင်သောအသင်းနှင့် ဆီမီးဖိုင်နယ်တွင် တွေ့ဆုံရမည်ဖြစ်သည်။

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here