La-liga News

အသင်းပြောင်းသော ဂိုင်တန်

Jun 17 , 2016

အာဂျင်တီးနား ကွင်းလယ်ကစားသမား ဂိုင်တန်ကို အက်သလက်တီကိုအသင်းက ဘင်ဖီကာထံမှ ပြောင်းရွှေ့ကြေး ပေါင် ၁၉.၇၅ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အမေရိကန်တွင် ကျင်းပနေသော ကိုပါအမေရိကပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းတွင် ပါဝင်ကစားနေသော ၂၈နှစ်သား ဂိုင်တန်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာနှင့် ၂၀၁၉အထိ စာချုပ်ရှိနေသော်လည်း ကလပ်အသင်း၂သင်းကြား သဘောတူ ညီချက်ကြောင့် စပိန်လာလီဂါသို့ ရောက်ရှိတော့မည်ဖြစ်သည်။

ဂိုင်တန်မှာ ၂၀၁၀တွင် ဘိုကာဂျူနီယာအသင်းမှ ဘင်ဖီကာသို့ ရောက်ရှိခဲ့သူဖြစ်ပြီး  ပေါ်တူဂီကလပ်အတွက် စုစုပေါင်း ၂၅၂ပွဲ ကစား ၄၁ဂိုးသွင်းယူပေးခဲ့သည်။

သူသည် လွန်ခဲ့သော ၂၀၁၅-၁၆ချန်ပီယံလိဂ်တွင် ၈ပွဲကစား ၄ဂိုးသွင်းခဲ့ပြီး ဂိုးရရန် ၄ကြိမ် ပံ့ပိုးနိုင်ခဲ့သူဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here