Coppa Italia Cup News

အယူခံဝင်သော အမေရိကန်

Jun 18 , 2016

အမေရိကန်အသင်းမှာ လာမည့် ဆီမီးဖိုင်နယ်တွင် ၀င်ကစားခွင့်မရသော ပွဲပယ်ခံကစားသမား ၂ဦးအတွက် တရားဝင် အသနားခံစာ တင်ထားကြောင်း သိရသည်။

ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲအဖြစ် အီကွေဒေါနှင့် ကစားခဲ့သော ပွဲတွင် ဂျာမိန်းဂျုန်းမှာ တိုက်ရိုက်အနီကတ် ပြခံခဲ့ရသဖြင့် လာမည့် ဆီမီးဖိုင်နယ်ပွဲကို လွဲရတော့မည်ဖြစ်ပြီး ဘော်လီဝုဒ်မှာ ထိုပွဲတါင် အ၀ါကတ်အပြခံခဲ့ရကာ ပွဲစဉ်များတွင် အ၀ါ၂ခါ အပြခံရပါက ဆီမီးတွင် ပါဝင်ခွင့်မရဟူသော စည်းမျဉ်းကြောင့် အမေရိကန်အသင်းအတွက် အခက်တွေ့စရာ ဖြစ်ခဲ့ရသည်။

အလားတူ ဘီဒိုရာမှာလည်း ပွဲစဉ်များတွင် အ၀ါ၂ခါ အပြခံရပြီဖြစ်သဖြင့် ဆီမီးဖိုင်နယ်တွင် ပါဝင်နိုင်မည်မဟုတ်ပေ။

ထိုကစားသမားများမှာ အမေရိကန်အသင်းအတွက် အားထားရသော ကစားသမားများဖြစ်ခြင်းကြောင့် အမေရိကန်က ပြစ် ဒဏ်လျှော့ပေါ့ပေးရန် အသနားခံစာ တင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်အသင်းမှာ အာဂျင်တီးနား-ဗင်နီဇွဲလားပွဲမှ နိုင်သည့်အသင်းနှင့် ဆီမီးတွင် တွေ့ရမည်ဖြစ်သည်။

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here