Coppa Italia Cup News

စံချိန်တင်တော့မယ် မက်ဆီ

Jun 20 , 2016

ဗင်နီဇွဲလားကို ၄း၁ဖြင့် နိုင်ခဲ့သောပွဲတွင် ဂိုးသွင်းနိုင်ခဲ့သော အာဂျင်တီးနားမှ မက်ဆီမှာ အာဂျင်တီးနားအတွက် စုစုပေါင်း ၅၄ဂိုး သွင်းပေးနိုင်ခဲ့ပြီဖြစ်သဖြင့် ဘာတစ်တူတာ၏ ဂိုးစံချိန်ကို မီခဲ့ပြီဖြစ်ကာ နောက်ထပ်ဂိုးသွင်းနိုင်ခဲ့ပါက သွင်းဂိုးအများဆုံး စံချိန်ရှင်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

မက်ဆီမှာ ဗင်နီဇွဲလားနှင့် ပွဲတွင် ကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့သကဲ့သို့ ဟီရူအင်နှင့် လာမီလာတို့ ဂိုးရရန်လည်း ဖန်တီးပေးပို့ခဲ့သူဖြစ်သည်။

၂၈နှစ်သား မက်ဆီပါဝင်သည့် အာဂျင်တီးနားမှာ ယခုအခါ ကိုပါအမေရိက ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး အိမ်ရှင်အမေရိကန်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အာဂျင်တီးနားအနေနှင့် လွန်ခဲ့သော နှစ်က ဗိုလ်လုပွဲအထိရောက်ခဲ့သကဲ့သို့ ၂၃နှစ်အတွင်း ပထမဆုံး ဆုဖလားရရှိရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာပြီဖြစ်သည်။

အခြားကွာတားဖိုင်နယ်ပွဲတွင် လက်ရှိချန်ပီယံ ချီလီက မက္ကဆီကိုကို ၇းဝဖြင့် အနိုင်ရရှိခဲ့ပြိး ဆီမီးတွင် ကိုလံဘီယာနှင့် တွေ့ဆုံရမည်ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here