La-liga News

ရီးရဲလ်ရောက်နိုင်သော ပိုဂဘာ

Jun 20 , 2016

ကွင်းလယ်ကစားသမား ပိုဂဘာနှင့် ပတ်သက်၍ ရီးရဲလ်နှင့် ဆွေးနွေးနေကြောင်း အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ပြောဆိုလိုက်သည်။

ရီးရဲလ်နည်းပြ ဇီဒန်းမှာ ပိုဂဘာ၏ ကစားပုံကို နှစ်သက်သဘောကျသူဖြစ်ပြီး ထိုအပြောင်းအရွှေ့မှာ အကောင်အထည်ဖော်လာရန် ရာခိုင်နှုန်းများသည်ဟုဆိုကြောင်း အေးဂျင့်က ဆက်လက်ပြောဆိုလိုက် သည်။

၂၃နှစ်သား ပိုဂဘာမှာ လွန်ခဲ့သော ရာသီတွင် ဂျူဗင်တပ်၌ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး  ဘာစီလိုနာ၊ ချဲလ်ဆီး၊ မန်စီးတီး တို့၏ စောင့်ကြည့်ခြင်းကိုလည်း ခံခဲ့ရသူဖြစ်သည်။

အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးနေသည်ဆိုသော်လည်း ပြောင်းရွှေ့ကြေးနှင့် ပတ်သက်၍မူ မည်မျှခန့်ဆိုသည်ကို မသိ ရသေးပေ။

 

U Myo Thant




<< Back La-liga News


Advertisement
Here