Coppa Italia Cup News

မက်ဆီကိုမကြောက်တဲ့ ကလင်းစမန်း

Jun 20 , 2016

မိမိတို့အနေနှင့် အာဂျင်တီးနားနှင့်အတူ မက်ဆီကိုပါ တွေ့ရမည့်အတွက် မည်သည့်ကြောက်လန့်စိုးရိမ်စိတ်မျှမရှိကြောင်း အမေရိကန်နည်းပြ ကလင်းစမန်းက ပြောဆိုလိုက်သည်။

အိမ်ရှင်အမေရိကန်အသင်းမှာ ကိုပါအမေရိက ဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားနှင့် တွေ့ဆုံရမည်ဖြစ်သည်။

အမေရိကန်မှာ ကွာတားဖိုင်နယ်တွင် အီကွေဒေါကို ၂း၁ဖြင့် နိုင်ခဲ့ပြီး အာဂျင်တီးနားက ဗင်နီဇွဲလားကို ၄း၁ဖြင့်နိုင်ကာ ဆီမီးဖိုင်နယ်သို့ တက်ခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်အသင်းမှာ အဖွင့်ပွဲစဉ်တွင် ကိုလံဘီယာကို ရှုံးခဲ့သော်လည်း ယင်းပွဲနောက်ပိုင်းတွင် ခြေစွမ်းပြလာနိုင်ခဲ့ပြီး ၃ပွဲတွင် ၇ဂိုးသွင်းခဲ့ကာ ပေးဂိုး ၁ဂိုးသာ ရှိခဲ့သည်။

သို့သော် ဆီမီးတွင်မူ ကမ္ဘာ့အဆင့် ၁ ဖြစ်နေသော အာဂျင်တီးနားနှင့် တွေ့ရမည်ဖြစ်၍ အတော်ပင် ရုန်းကန် ကစားရလိမ့်ဦး မည်ဖြစ်သည်။

 

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here