Serie-A News

နာပိုလီတွင်ဆက်ရှိမည့် ဟီဂူအင်

Jun 21 , 2016

အာဂျင်တီးနားသား တိုက်စစ်မှုး ဟီဂူအင်မှာ အသင်းတွင်ဆက်ရှိနေမည်ဖြစ်ကြောင်း နာပိုလီအသင်း ဥက္ကဋ္ဌ လော်ရန်တီးစ် က ပြောဆိုလိုက်သည်။

ဟီဂူအင်မှာ ၂၀၁၅-၁၆တွင် စီးရီးအေပွဲ ၃၅ပွဲ ကစား ၃၆ဂိုး သွင်းယူခဲ့သဖြင့် နှစ်ပေါင်းများစွာအတွင်း စီးရီးအေ သွင်းဂိုးအများဆုံး စံချိန်ကို ရရှိခဲ့သည်။

ထိုသို့ သွင်းဂိုးအများဆုံးစံချိန်တင်ခဲ့ပြီးနောက် သူကို ဥရောပထိပ်တန်း ကလပ်များဖြစ်သော PSG၊ ချဲလ်ဆီး၊ အက်သလက်တီကိုစသည့် အသင်းများက ခေါ်ယူခွင့်ရရန် ကြိုးစားလာခဲ့သည်။

သို့သော် ဥက္ကဋ္ဌ လော်ရန်တီးစ်က ဟီဂူအင်မှာ နာပိုလီတွင် နောက် ၅နှစ်ခန့် ဆက်ရှိဦးမည်ဖြစ်ကြောင်း မိမိအနေနှင့် သူ့ကို ကစားသမားတစ်ဦးအဖြစ်သာ မဟုတ်ပဲ လေးစားထိုက်သူတစ်ဦးအဖြစ်ပါ သဘောထားကြောင်း ပြောဆိုသွားခဲ့သည်။

ဟီဂူအင်မှာ လောလောဆယ်တွင် ကိုပါအမေရိကပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းနှင့် အတူရှိနေပြီး မနက်ဖြန်နံနက်တွင်  အမေရိကန်နှင့် ဆီမီးဖိုယ်နယ်ပွဲ ကစားရမည်ဖြစ်သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here