Coppa Italia Cup News

ဂိုးသွင်းဘုရင် မက်ဆီ

Jun 22 , 2016

အမေရိကန်ကို ၄းဝဖြင့် အနိုင်ရခဲ့သောပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော အာဂျင်တီးနား တိုက်စစ်မှုး မက်ဆီမှာ အာဂျင်တီးနားအတွက် ဂိုးအများဆုံး သွင်းပေးနိုင်သည့် စံချိန်ကို တင်နိုင်ခဲ့ပြီဖြစ်သည်။

ဗင်နီဇွဲလားနှင့် ပွဲတွင်  ဂိုးရသော မက်ဆီမှာ အာဂျင်တီးနားအသင်းသမိုင်းတွင် ဂိုးအများဆုံး သွင်းပေးနိုင်ခဲ့သူ ဘာတစ်တူတာ၏ ၅၄ဂိုးစံချိန်ကို အမီလိုက်နိုင်ခဲ့ပြီး အမေရိကန်နှင့် ပွဲတွင် ဂိုးထပ်ရခဲ့သော ကြောင့် ဂိုးအများဆုံး စံချိန်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ကိုပါအမေရိက ဖိုင်နယ်သို့ ၂နှစ် ဆက်တိုက်တက်လာနိုင်ခဲ့သော အာဂျင်တီးနားမှာ ၂၃နှစ်ကြာ ဝေးကွာနေသည့် ဤဆုဖလားနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာပြီဖြစ်ပြီး ကိုလံဘီယာနှင့် ချီလီပွဲ စဉ်မှ အနိုင်ရသူနှင့် ဗိုလ်လုရမည်ဖြစ်သည်။

ချီလီမှာ လက်ရှိချန်ပီယံဖြစ်သည်။

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here