Coppa Italia Cup News

ဖိုင်နယ်ပွဲလွဲမည့် လာဗက်ဇီ

Jun 22 , 2016

အာဂျင်တီးနား တိုက်စစ်မှုး လာဗက်ဇီမှာ အမေရိကန်နှင့် ကစားခဲ့သော ဆီမီးဖိုင်နယ်ပွဲတွင် ဒဏ်ရာရရှိသွားသဖြင့် နောက်ဆုံး ဗိုလ်လုပွဲတွင် ပါဝင်ကစားနိုင်တော့မည့် မဟုတ်ဟု သိရသည်။

လာဗက်ဇီမှာ ထိုပွဲတွင် ပွဲအစ ၃မိနစ်မှာပင် မက်ဆီ၏ ပေးပို့မှုမှတစ်ဆင့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး ပွဲချိန် ၆၇မိနစ်တွင် လာမီလာနှင့် လူစားလဲခဲ့ရသည်။

ဟီဘေးချိုင်းနားကလပ် တိုက်စစ်မှုးလည်းဖြစ်သူ လာဗက်ဇီအနေနှင့် ဒဏ်ရာခွဲစိတ်ရမည်ဖြစ်သဖြင့် ၂၀၁၆ ကိုပါအမေရိက ဖိုင်နယ်ကို လွဲချော်ရခြင်းဖြစ်သည်။

နည်းပြ မာတီနိုက လာဗက်ဇီ ဒဏ်ရာရခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ သို့သော် အသင်းကစားပုံ မထိခိုက်နိုင်သည့်အတွက် စိတ်သက်သာရာရပါကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here