Coppa Italia Cup News

မကျေပွဲပြန်တွေ့မယ် ၂သင်း

Jun 23 , 2016

လွန်ခဲ့သော ၂၀၁၅ ကိုပါအမေရိက နောက်ဆုံးဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့သော အာဂျင်တီးနားနှင့် ချီလီတို့မှာ ယခု ၂၀၁၆ ကိုပါအမေရိက ဖိုင်နယ်တွင်လည်း မကျေပွဲအဖြစ် ပြန်လည်ဆုံတွေ့ကြရဦးမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲများတွင် အာဂျင်တီးနားက အမေရိကန်ကို ၄းဝ၊ ချီလီက ကိုလံဘီယာကို ၂းဝတို့ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ကိုလံဘီယာအသင်းမှာ ၂ဂိုးပြတ်ဖြင့် ရှုံးနိမ့်နေချိန်နောက်ပိုင်း ၅၇မိနစ်တွင် ဆန်းချက်ဇ် ၂၀ါ၁နီဖြင့် အထုတ်ခံခဲ့ရသောကြောင့် ပိုမိုအားနည်းသွားခဲ့ပြီး နှစ်သိမ့်ချေပဂိုးသွင်းရန်ပင် မတတ်သာခဲ့ပေ။

လာမည့် တနင်္ဂနွေနေ့ နံနက်တွင် တတိယနေရာလုပွဲအဖြစ် အမေရိကန်နှင့် ကိုလံဘီယာတို့ ကစားကြရမည်ဖြစ်ပြီး တနင်္လာနေ့နံနက်တွင် ဗိုလ်လုပွဲ ကစားကြမည်ဖြစ်သည်။

အာဂျင်တီးနားအနေနှင့် ဗိုလ်စွဲခဲ့ပါက ကိုပါဖလားကို ၂၃နှစ်အတွင်း ပထမဆုံးပြန်လည်ရရှိသည့် မှတ်တမ်းဝင်မည်ဖြစ်ပြီး ချီလီက ဗိုလ်စွဲခဲ့ပါက ၂နှစ်ဆက်တိုက် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here