Coppa Italia Cup News

ရာပြည့်ပွဲနှင့် ဆန်းချက်ဇ်

Jun 23 , 2016

တိုက်စစ်မှုး ဆန်းချက်ဇ်မှာ ချီလီအသင်းအတွက် ရာပြည့်ပွဲအဖြစ် ယနေ့နံနက် ကိုလံဘီယာနှင့်ပွဲတွင် ပါဝင်ကစားခွင့်ရရှိခဲ့သည်။

အာဆင်နယ် တိုက်စစ်မှုးလည်းဖြစ်သူ ဆန်းချက်ဇ်မှာ ကိုလံဘီယာကို ၂းဝဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ဂိုးမသွင်းနိုင်ခဲ့သော်လည်း ပွဲချိန်ပြည့် ပါဝင်ကစားပေးသွားခဲ့သည်။

ဆန်းချက်ဇ်မှာ နည်းပြ ဆမ်ပါအိုလီဦးဆောင်သော ချီလီအသင်းနှင့်အတူ ချီလီအသင်း၏ ပထမဆုံး ဆုဖလားရရှိမှုဖြစ်သော ၂၀၁၅ ကိုပါဖိုင်နယ်ပွဲတွင် အဓိကကစားသမားတစ်ဦးဖြစ်သည်။

ဆန်းချက်ဇ်၏လက်ရွေးစင်အဖြစ် ပထမဆုံးပါဝင်ကစားခွင့်ရခဲ့သည်ပွဲမှာ ၂၀၀၆ ဧပြီ၂ရက် နယူးဇီလန်နှင့်ပွဲဖြစ်ပြီး ချီလီအတွက် စုစုပေါင်း ၃၄ဂိုး သွင်းထားပေးပြီဖြစ်သည်။

ထိုစံချိန်မှာ ချီလီအတွက် ဒုတိယဂိုးအများဆုံး သွင်းပေးခဲ့သူ ဇာမိုရာနို၏စံချိန်နှင့် အတူတူဖြစ်သည်။

ဆန်းချက်ဇ်ပါဝင်သော ချီလီမှာ ၂၀၁၆ ကိုပါအမေရိက ဖိုင်နယ်တွင် ယမန်နှစ်ကလည်း တွေ့ခဲ့ပြီးဖြစ်သည့် အာဂျင်တီးနားနှင့် ရင်ဆိုင်ဗိုလ်လုရမည်ဖြစ်သည်။

 

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here