Ligue-1 News

နှုတ်ဆက်ထွက်ခွာသူ

Jun 23 , 2016

ဘယ်လ်ဂျီယံနှင့်ပွဲတွင် ပါဝင်ကစားခဲ့သော ဆွီဒင်တိုက်စစ်မှုး အီဘရာဟင်မိုဗစ်မှာ ထိုပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘ၀မှ အနားယူသွားခဲ့ပြီဖြစ်သည်။

ဆွီဒင်အသင်းသည် ထိုပွဲတွင် ၀း၁ဖြင့် ရှုံးနိမ့်ခဲ့ပြီး ယူရို ၂၀၁၆ပြိုင်ပွဲမှ ထွက်ခွာခဲ့ရာပြီဖြစ်သည်။

အီဘရာဟင်မိုဗစ်မှာ ဆွီဒင်အတွက် စုစုပေါင်း ၁၁၆ပွဲကစား ၆၂ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး ယခု ယူရိုပွဲအပြီးတွင် လက်ရွေးစင်အဖြစ်မှ အနားယူမည်ဟု လွန်ခဲ့သော အပတ်က တရားဝင်ပြောဆိုထားခဲ့သူ ဖြစ်သည်။

ဆွီဒင်အသင်းမှာ လွန်ခဲ့သော ၂၀၁၄ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် အောင်မြင်ခဲ့ခြင်းမရှိသကဲ့သို့ ယူရို ၂၀၁၂ပြိုင်ပွဲတွင်လည်း အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့်အသင်းဖြစ်သည်။

အီဘရာဟင်မိုဗစ်မှာ လက်ရွေးစင်အဖြစ်မှ အနားယူခဲ့သော်လည်း ကလပ်အသင်းသားအဖြစ် ဆက်ရှိနေဦးမည်ဖြစ်ကာ PSGမှ ထွက်ခွာခဲ့ပြီးနောက် မန်ယူသို့ ရောက်မည်ဟု နာမည်ထွက်နေသူဖြစ်သည်။

U Myo Thant




<< Back Ligue-1 News


Advertisement
Here