La-liga News

မန်ချက်စတာမှာ အိမ်ရှာနေသူ

Jun 23 , 2016

ရီးရဲလ်တိုက်စစ်မှုး ဂျိမ်းစ်ရိုဒရီဂုဇ်မှာ မန်ချက်စတာတွင် အိမ်တစ်လုံး ရှာဖွေနေသည်ဟု သိရပြီး သူ့ကို မန်ယူနည်းပြ သစ် မော်ရင်ဟိုက ခေါ်ယူရန် စိတ်ဝင်စားနေခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်နည်းပြဖြစ်ခဲ့ဘူးသူ မော်ရင်ဟိုမှာ ထိုတိုက်စစ်မှုးကို ရီးရဲလ်တွင် ရှိစဉ်ကတည်းက သဘောကျနေခဲ့သည်ဟု သိရသည်။

ကိုလံဘီယာလက်ရွေးစင်ဖြစ်သူ ရိုဒရိဂုဇ်မှာ မက်ဒရစ်တွင်ရှိသော သူအိမ်ကို အငှားချထားမည်ဖြစ်ပြီး မန်ယူနည်းပြနေထိုင်သည့် မန်ချက်စတာမြို့နေအိမ်အနီးတွင် အိမ်သစ်ရှာဖွေနေခြင်းဖြစ်သည်။

၂၄နှစ်သား ရိုဒရီဂုဇ်နှင့် မော်ရင်ဟိုတို့၏ အေးဂျင့်မှာ စူပါအေးဂျင့်ဟု လူသိများသူ ဂျော့ခ်ျမန်ဒက်စ်ဖြစ်ပြီး မော်ရင်ဟို၏ ယခုရာသီ ပစ်မှတ်များထဲတွင် ရိုဒရီဂုဇ်မှာ ထိပ်ဆုံးမှ ပါဝင်နေသူဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here