Coppa Italia Cup News

ဖိုင်နယ်ပွဲ မသေချာသေးသူ

Jun 24 , 2016

အာဂျင်တီးနားကစားသမား ဒီမာရီယာမှာ ဒဏ်ရာပြန်ပေါ်လာသဖြင့် ချီလီနှင့် ကစားရမည့် နောက်ဆုံးဗိုလ်လုပွဲတွင် ပါဝင်ကစားရန် မသေချာသေးကြောင်း သိရသည်။

ဒီမာရီယာမှာ ပနားမားကို ၅းဝဖြင့် အနိုင်ရခဲ့သည့် အုပ်စု ဒုတိယပွဲစဉ်တွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲနှင့် ကွာတားဆီမီးများဖြစ်သော ဘိုလီးဗီးယား၊ ဗင်နီဇွဲလား၊အမေရိကန်တို့နှင့် ပွဲစဉ်များ ကိုပါ လွဲချော်ခဲ့သူဖြစ်သည်။

PSG ကစားသမားလည်းဖြစ်သူ ဒီမာရီယာမှာ ကြာသပတေးနေ့တွင် လေ့ကျင့်ရေးဆင်းခဲ့သော်လည်း ဒဏ်ရာပြန်ပေါ်ခဲ့ခြင်းဖြစ်ပြီး လာဗက်ဇီပါ မပါနိုင်သည့် ဖိုင်နယ်အတွက် ဒီမာရီယာ မသေချာခြင်းမှာ အာဂျင်တီးနားအတွက် ထိုးနှက်ချက်တစ်ခုပင်ဖြစ်သည်။

လက်ရှိ ချန်ပီယံ ချီလီနှင့် ကစားရမည့် ဗိုလ်လုပွဲမှာ လာမည့် တနင်္လာနေ့ နံနက်တွင် ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here