Europa League

အယူခံပယ်ချခံရသော ဂါလာတာစာရေး

Jun 24 , 2016

တူရကီကလပ် ဂါလာတာစာရေးကို ဥရောပပွဲများ ကစားခွင့် ပိတ်ပင်ထားခြင်းအပေါ် အသင်းက အယူခံဝင်ခဲ့ရာတွင် ထပ်မံပယ်ချခံခဲ့ရကြောင်း သိရသည်။

ဂါလာတာစာရေးမှာ ငွေကြေးဆိုင်ရာ မျှတစွာ ယှဉ်ပြိုင်ရေး စည်းမျဉ်းများကို ချိုးဖောက်သည်ဟုဆိုကာ လွန်ခဲ့သော မတ်လတွင် UEFA က ဥရောပပွဲများတွင် ပါဝင်ကစားခွင့် ပိတ်ပင်သော ပြစ်ဒဏ်ချမှတ် ထားခြင်းဖြစ်သည်။

ဂါလာတာစာရေးမှာ ထိုပြစ်ဒဏ်နှင့်ပတ်သက်၍ အားကစားဆိုင်ရာ ခုံရုံးသို့ အယူခံဝင်ခဲ့ရာတွင် အောင်မြင်ခဲ့ခြင်းမရှိသကဲ့သို့ ယခု UEFA သို့ အယူခံဝင်ရာတွင်လည်း ပယ်ချခံရခြင်းဖြစ်သည်။

ဂါလာတာစာရေးအနေနှင့် လွန်ခဲ့သော ရာသီတွင် တူရကီလိဂ်ဖလားရရှိခဲ့သဖြင့် ၂၀၁၆-၁၇ရာသီတွင် ယူရိုပါလိဂ်သို့ ၀င်ခွင့်ရမည်ဖြစ်သော်လည်း ယခုပြစ်ဒဏ်ကြောင့် အဆင့်၅ရခဲ့သည့် အော့စမန်လီ စပါးအသင်းက အစားထိုးဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

တူရကီအမှတ်ပေး ချန်ပီယံအကြိမ် ၂၀ ရခဲ့ဖူးသော ဂါလာတာစာရေးမှာ လွန်ခဲ့သော ၄နှစ် ဆက်တိုက် ချန်ပီယံလိဂ်ပွဲများ ကစားခွင့်ရခဲ့သော အသင်းလည်းဖြစ်သည်။

U Myo Thant




<< Back Europa League


Advertisement
Here