World CUp 2014 News

ခြေစစ်ပွဲအုပ်စု မဲခွဲ

Jun 25 , 2016

၂၀၁၈ ကမ္ဘာ့ဖလားအာဖရိကဇုန်အတွက် ခြေစစ်ပွဲအုပ်စုများ မဲခွဲခဲ့ပြီဖြစ်သည်။

၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ခြေစစ်ပွဲအုပ်စုများ မဲခွဲခြင်းကို အာဖရိက ဘောလုံးအဖွဲ့ချုပ်ရုံး အခြေစိုက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ယမန်နေ့က ကျင်းပခဲ့ရာ နာမည်ကြီး အယ်လ်ဂျီးရီးယား၊ ကင်မရွန်း နှင့် နိုင်ဂျီးရီးယားတို့မှာ တစ်အုပ်စုတည်း ကျရောက်သွားခဲ့သည်။

ရှရုတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပွဲအတွက် ခြေစစ်ပွဲ ၂ဆင့် ကစားခဲ့ကြပြီးနောက် ယခုအုပ်စုအဆင့်သို့ အသင်း၂၀ရောက်ရှိခဲ့ကာအုပ်စု ၅စု၏ ထိပ်ဆုံးအသင်း ၅သင်းသာလျှင် ခြေစစ်ပွဲ အောင်မြင် မည်ဖြစ်သည်။

နိုင်ဂျီးရီးယား၊ အယ်လ်ဂျီးရီးယားနှင့် ကင်မရွန်းတို့မှာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲသို့ ၀င်ခွင့်ရခဲ့သော အသင်းများဖြစ်ပြီး ယခုအခါ တစ်အုပ်စုတည်း ကျရောက်သွားခြင်းကြောင့် တစ်သင်းသာလျှင် ၂၀၁၈ ကမ္ဘာ့ ဖလားသို့ ရောက်ရှိနိုင်တော့မည်ဖြစ်သည်။

၎သင်းပါ အုပ်စု ၅စုမှာ အုပ်စု A တွင် ကွန်ဂိုဒီမိုကရက်၊ ဂီနို၊ လစ်ဗျား၊ တူနီးရှား၊ B တွင် အယ်လ်ဂျီးရီးယား၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ ဇမ်ဘီယာ၊ C တွင် အိုင်ဗရီကို့စ်၊ ဂါဘွန်၊ မာလီ၊ မော်ရိုကို၊ D တွင် ဘူကီ နာဖာဆို၊ ကိတ်ဗာဒီ၊ ဆီနီဂေါ၊ တောင်အာဖရိက၊ E တွင် ကွန်ဂို၊ အီဂျစ်၊ ဂါနာနှင့် ယူဂန္ဒာတို့ ပါဝင်ကြသည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here