Europe News

ချန်ပီယံချင်းပြိုင်ရန် စိန်ခေါ်

Jun 25 , 2016

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒိုမင်ဂုဇ်က လက်ရှိကစားနေဆဲဖြစ်သော ကိုပါအမေရိကပြိုင်ပွဲမှ ချန်ပီယံနှင့် ယူရို ၂၀၁၆ မှ ချန်ပီယံတို့ ယှဉ်ပြိုင်ပါရန် UEFAသို့ တောင်းဆိုစိန်ခေါ်လိုက်သည်။

ကိုပါအမေရိက ဗိုလ်လုပွဲမှာ တနင်္လာနေ့နံနက်တွင် ကစားတော့မည်ဖြစ်ပြီး အာဂျင်တီးနား(သို့မဟုတ်) ချီလီသည် ကိုပါအမေရိက ချန်ပီယံဖြစ်လာမည်ဖြစ်ကာ ယူရို ၂၀၁၆မှမူ ယခုမှ ရှုံး/ထွက်အဆင့် ပြိုင်ပွဲ များသာ ကစားရဦးမည်ဖြစ်သည်။

ကိုပါအမေရိက နှစ်တစ်ရာပြည့်ဖြစ်သော ယခုနှစ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် တောင်အမေရိကနိုင်ငံများတွင်မဟုတ်ပဲ အမေရိကန်တွင် ကစားနေခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တောင် အမေရိကနိုင်ငံများထဲမှ ၂သင်းသာ တက်လာခဲ့သည်။

ပါရာဂွေးနိုင်ငံသားတစ်ဦးဖြစ်သူ ဒိုမင်ဂုဇ်က ဒီပြိုင်ပွဲ၂ခုရဲ့ ချန်ပီယံ၂သင်း ယှဉ်ပြိုင်ကြဖို့ UEFAကို ကျနော် ဖိတ်ခေါ်တောင်းဆို ထားပါတယ်။ ဘယ်အသင်းနိုင်မလဲဆိုတာ ကြည့်ကြရမယ့်ပွဲပါ၊ သူ့တို့ဘက်က အကြောင်းပြန်တာကို စောင့်ဆိုင်းနေ တုန်းပါဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here