Coppa Italia Cup News

ထပ်ဆင့်ချန်ပီယံ ချီလီ

Jun 27 , 2016

ကိုပါအမေရိက နောက်ဆုံး ဗိုလ်လုပွဲတွင် လက်ရှိ ချန်ပီယံ ချီလီမှာ အာဂျင်တီးနားကို ပယ်နယ်တီအဆုံးအဖြတ် ၄း၂ဖြင့် အနိုင်ရကာ ထပ်ဆင့် ချန်ပီယံဘွဲ့ကို ခံယူနိုင်ခဲ့ပြီဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် ချီလီမှ ဒီအက်ဇ်မှာ ပွဲချိန် ၂၈မိနစ်တွင် ၂၀ါ၁နီဖြင့် ထွက်ခဲ့ရသကဲ့သို့ အာဂျင်တီးနားမှ ရိုဂျိုမှာ ၄၃မိနစ်တွင် တိုက်ရိုက်အနီဖြင့် ထွက်ခဲ့ရသည်။

သာမန်ပွဲကစားချိန် မိနစ် ၉၀အပြင် အချိန်ပိုတွင်ပါ ဂိုးမရှိသရေကျနေသဖြင့် ပယ်နယ်တီကန်သွင်းရာ ချီလီမှ ဗီဒယ်၏ ပထမ ပယ်နယ်တီလွဲခဲ့သကဲ့သို့ အာဂျင်တီးနားမှ နာမည်ကြီး မက်ဆီမှာလည်း လွဲချော် ခဲ့သည်။

ကျန်ပယ်နယ်တီ ၄လုံးတွင် ချီလီက အားလုံး ၀င်အောင်သွင်းနိုင်ခဲ့ပြီး အာဂျင်တီးနားမှ ဘစ်လီယာ လွဲချော်ခဲ့သည်။

အာဂျင်တီးနားမှာ ၂၀၁၄ ကမ္ဘာ့ဖလားဖိုင်နယ်တွင် ဂျာမနီကို ရှုံးခဲ့သကဲ့သို့  ၂၀၁၅ ကိုပါအမေရိကဖိုင်နယ်နှင့် ၂၀၁၆ ကိုပါအမေရိကဖိုင်နယ်တို့တွင် ချီလီကို ရှုံးနိမ့်ခဲ့သည်။

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here