La-liga News

လက်ရွေးစင်အဖြစ်မှ မက်ဆီနားပြီ

Jun 27 , 2016

အာဂျင်တီးနားနှင့် ဘာစီလိုနာတိုက်စစ်မှုး မက်ဆီမှ ကိုပါအမေရိကဖိုင်နယ်တွင် လက်ရှိချန်ပီယံ ချီလီကို ရှုံးနိမ့်သည့်ပွဲအပြီးတွင် အာဂျင်တီးနားလက်ရွေးစင်အဖြစ်မှ အနားယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

၂၉နှစ်သား မက်ဆီက တတ်စွမ်းသမျှ ကြိုးစားခဲ့သော်လည်း ချန်ပီယံဘ၀နှင့် အကြိမ်ကြိမ်လွဲခဲ့ရ၍ စိတ်မကောင်းကြောင်း ပြောဆိုခဲ့သည်။

၂၀၁၆ ကိုပါအမေရိကဖိုင်နယ်တွင် ပယ်နယ်တီလွဲခဲ့သော မက်ဆီမှာ ၂၀၀၅မှစ၍ အာဂျင်တီးနားလက်ရွေးစင်အဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၀၈ အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရခဲ့သည်မှအပ အာဂျင်တီးနားမှာ အောင်ပွဲခံနိုင်မှု နည်းပါးခဲ့ကာ ၂၀၁၄ ကမ္ဘာ့ဖလားဖိုင်နယ်၊ ၂၀၁၅ ကိုပါအမေရိကဖိုင်နယ်၊ ၂၀၁၆ ကိုပါအမေရိက ဖိုင်နယ်စသော ဖိုင်နယ်ပွဲ သုံးပွဲဆက်တိုက်တွင် အရှုံးများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။

၂၀၀၇ ကိုပါအမေရိက ဖိုင်နယ်တွင်လည်း မက်ဆီပါဝင်သော အာဂျင်တီးနားမှာ ဘရာဇီးကို ရှုံးနိမ့်ခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here