Coppa Italia Cup News

လက်စွမ်းပြခဲ့သော အော့စပီနာ

Jun 27 , 2016

ယမန်နေ့ နံနက်ပိုင်းက ကစားခဲ့သော ကိုပါအမေရိက တတိယနေရာလုပွဲတွင် ကိုလံဘီယာဂိုးသမား အော့စပီနာ လက်စွမ်းပြနိုင်မှုကြောင့် အမေရိကန်ကို ၁းဝဖြင့် အနိုင်ရရှိခဲ့သည်။

အမေရိကန်အသင်းမှ ဒမ့်ဆေး၏ ပြစ်ဒဏ်ဘော ကန်ချက်ကို အကောင်းဆုံး ကာကွယ်ပြနိုင်ခဲ့သော အော့စပီနာမှ အာဆင်နယ်အသင်းမှဖြစ်ပြီး ဂိုးသမား ပီတာဆက်ခ်ျကြောင့် အရန်ဂိုးသမားအဖြစ်မျိုးနှင့် သာ ကစားနေရသူဖြစ်သည်။

သူသည် ၂၀၀၆တွင် အက်သလက်တီကို နေရှင်နယ်ကလပ်တွင် စတင်ကစားခဲ့ပြီး ၂၀၀၈-၀၉တွင် ပြင်သစ်လိဂ်ဝမ်းမှ နိုက်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ၂၀၁၄-၁၅တွင်  အာဆင်နယ်သို့ ရောက်ရှိလာသူ ဖြစ်သည်။

ကိုဘံလီယာအသင်းမှာ တတိယလုပွဲ ၃၁မိနစ်တွင် ဘက်ကာ၏ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး နာကျင်အချိန်ပို ၃မိနစ်နှင့် ၄မိနစ်တို့တွင် အမေရိကန်မှ အိုရိုကိုနှင့် ကိုလံဘီယာမှ အေရစ်တို့ အနီကတ်များဖြင့် ထွက်ခဲ့ရသည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here