AFC Cup News

AFC Cup ၀င်ခွင့်ရရှိရေး ဇွဲကပင်မျှော်မှန်း

Jun 28 , 2016

ဇွဲကပင်ယူနိုက်တက်အသင်းသည် လာမည့်နှစ် AFC Cup ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် လက်ရှိကျင်းပနေသည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို အရယူရန် မျှော်မှန်းထားကြောင်း အသင်း၏နည်းပြချုပ် ဦးအောင်မင်းဦး က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပွဲစဉ်ရေးဆွဲမှုအနေအထားက ဇွဲကပင်ယူနိုက်တက်အသင်း ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေးတွေ အများကြီး ရှိနေပါတယ်။ ပြီးရင် ဒီပွဲကတစ်ပွဲကောင်း အနေအထားနဲ့ ယှဉ်ပြိုင်ရမှာဖြစ် တာကြောင့် ကျွန်တော်တို့အသင်းအနေနှင့် ဒီပွဲမှာ ဗိုလ်စွဲဖို့ အခွင့်အရေးတွေ အများကြီး ရှိနေပါတယ်။ ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး AFC Cup ၀င်ခွင့်ရဖို့ ကြိုးစားသွားမှာပါဟု ၎င်းကဆက် လက်ပြောသည်။

ဇွဲကပင်ယူနိုက်တက်အသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ၏ ၁၆သင်း ရှုံး/ထွက်အဆင့်အနေနှင့် ဇူလိုင် ၆ရက်တွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အသင်းအနေဖြင့် ယင်းအဆင့်ကို ကျော်ဖြတ်နိုင် ခဲ့ပါက ရခိုင်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ပွဲစဉ်မှ အနိုင်ရရှိသည့် အသင်းတစ်သင်း သင်းနှင့် နောက်တစ်ဆင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဖြစ်မည့်အသင်းသည် AFC Cup ပြိုင်ပွဲကို ၀င်ခွင့်ရမည်ဖြစ်ရာ ဇွဲကပင်ယူနိုက်တက်အသင်းအနေနှင့် AFC Cup ကို ၀င်ခွင့်ရရှိခဲ့လျှင် အသင်းရှိ ကစားသမားအင်အားကို ပိုမိုတောင့်တင်းပြီး ခိုင်မာစေရန် ပြည်တွင်းပြည်ပ ကစားသမားအသစ်များဖြင့် အစားထိုးလဲလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here