အသင်းပြောင်းမည့် ရော့ဒ်ဝဲလ်

Aug 04 , 2014

ယမန်နှစ်က ပရီးမီယားလိဂ်ပွဲ ၇ ပွဲသာ ကစားခွင့်ရခဲ့သည့် ကွင်းလယ်ကစားသမားရော့ဒ်ဝဲလ်မှာ မန်စီးတီးမှ ထွက်တော့မည်ဖြစ် သည်။

အဲဗာတန်တွင် ကစားခဲ့ပြီး ၂၀၁၂ တွင် မန်စီးတီးသို့ ရောက်ရှိခဲ့သော ရော့ဒ်ဝဲလ်အနေနှင့် ပုံမှန် ကစားခွင့်ရရန်အတွက် အသင်းပြောင်းလိုခြင်းဖြစ်ပြီး ဆန်းဒါးလန်းသို့ရောက်ရှိရန် နီးစပ်နေသည်ဟု သိရသည်။

အသက် ၃၂ နှစ်သာရှိသေးသော ရော့ဒ်ဝဲလ်အနေနှင့် ၂၀၁၂ က မန်စီးတီးသို့ ရောက်ခဲ့သော်လည်း ဒဏ်ရာရရှိမှုများနှင့်ကြုံခဲ့ရကာ လွန်ခဲ့သောရာသီတွင်လည်းနည်းပြပယ်လီဂရီနီ၏ မျက်နှာသာပေးမှုကို မခံခဲ့ရပေ။

နည်းပြဖြစ်သူကလည်း သူ၏ကွင်းလယ်ကစားသမားမှာ အသင်းမှထွက်ခွာလိုနေပြီး တားဆီးထိန်းချုပ်ထားရန် အကြောင်းမရှိဟု ဆိုခဲ့သည်။

U Myo Thant




<< Back


Advertisement
Here