Ligue-1 News

PSG နှင့် လမ်းခွဲခဲ့သော ဘလန့်စ်

Jun 28 , 2016

မိမိနေရာကို ဆက်ခံသူအနေနှင့် ကံကောင်းရန် ဆုတောင်းပေးပါကြောင်း PSG အသင်းနှင့် လမ်းခွဲခဲ့သူ နည်းပြ ဘလန့်စ်က ပြောဆိုလိုက်သည်။

ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ဖူးသော ဘလန့်စ်မှာ ၃နှစ်ကြာ နည်းပြအဖြစ်ရှိခဲ့စဉ် ပြင်သစ်အမှတ်ပေး ချန်ပီယံ ၃ကြိမ်ဖြစ်စေခဲ့ကာ ပြည်တွင်းလိဂ်ဖလားကိုလည်း ၂ကြိမ် ဆက်တိုက်ရရှိစေ ခဲ့သူဖြစ်သည်။

သို့သော် ၂၀၁၅-၁၆ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီးနောက် အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနှင့် ဆက်ဆံရေး အဆင်မပြေတော့သူဖြစ်သည်။

အသက် ၅၀ရှိပြီဖြစ်သော ဘလန့်စ်က သူနှင့် PSG တို့၏ ရေစက်မှာ ကုန်ဆုံးခဲ့ပြီဖြစ်ကြောင်း၊ မိမိနှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့သူများအားလုံးကို ကျေးဇူးတင်ကြောင်း၊ PSG ပရိသတ်များအနေနှင့် နည်းပြကောင်းတစ်ဦးကို ရရှိပြီး အောင်မြင် မှုများနှင့် အတူ ပျော်ရွှင်ပါစေရန် ဆုတောင်းပါကြောင်း  ပြောဆိုသွားခဲ့သည်။

PSG နည်းပြအဖြစ် ထိပ်ဆုံးမှာ ရေပန်းစားနေသူမှာ ဆီဗီးလားနည်းပြ အမ်မရီဖြစ်သည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here