La-liga News

ဗလင်စီယာရွှေ့မည့် နာနီ

Jun 29 , 2016

မန်ယူတောင်ပံကစားသမားဟောင်း နာနီမှာ တူရကီကလပ် ဖီနာဘီချီမှ စပိန်လာလီဂါကလပ် ဗလင်စီယာသို့ ပြောင်းရွှေ့မည်ဟု ဖီနာဘီချီအသင်းဥက္ကဋ္ဌ အေဇစ်က ပြောဆိုလိုက်သည်။

ပေါ်တူဂီလက်ရွေးစင် နာနီမှာ လောလောဆယ်တွင် ပေါ်တူဂီနှင့် အတူ ယူရို ၂၀၁၆ ပြိုင်ပွဲတွင်ရှိနေပြီး ယင်းပြိုင်ပွဲပြီးဆုံးမှသာ ဗလင်စီယာသို့ သွားမည်ဖြစ်သည်။

ထိုအပြောင်းအရွှေ့နှင့် ပတ်သက်၍ ဗလင်စီယာဘက်မှ တရားဝင်ပြောဆိုခြင်း မရှိသေးသော်လည်း ပြောင်းရွှေ့ကြေးမှာ ယူရို ၈.၅သန်းဟု သိရသည်။

၂၉နှစ်သား နာနီမှာ ဖီနာဘီချီတွင် တစ်ရာသီသာ ကစားခဲ့ရသူဖြစ်ပြီး လောလောဆယ်ကွာတားဖိုင်နယ်ရောက်နေ သည့် ပေါ်တူဂီတွင် အကောင်းဆုံးပုံစံနှင့် ကစားနေနိုင်ဆဲဖြစ်သည်။

သူသည် ကလပ်အသင်းအတွက် ၂၀၁၅-၁၆ ရာသီအတွင်း လိဂ်ပွဲ ၂၈ပွဲ ကစား ၈ဂိုးသွင်းကာ အခြားပွဲများတွင် ၄ဂိုး သွင်းနိုင်ခဲ့သူဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here