Euro 2016

မရေရာသော ဂျိုးဟတ်

Jun 29 , 2016

ယူရို ၂၀၁၆ ပြိုင်ပွဲတွင် လက်စွမ်းမပြနိုင်ခဲ့သော အင်္ဂလန်ဂိုးသမား ဂျိုးဟတ်မှာ နည်းပြသစ် ရောက်လာမည့် မန်စီးတီးတွင် နံပါတ်တစ်နေရာ မသေချာတော့မည့်အရေးနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

မန်စီးတီးကို ကိုင်တွယ်တော့မည့် နည်းပြသစ် ဂွာဒိယိုလာမှာ ဘာစီလိုနာမှ ဂိုးသမား ဘရာဗိုကို ခေါ်ယူရန် စဉ်းစားနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

ဘရာဗိုမှာ ၂၀၁၆ ကိုပါအမေရိကပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ချီလီအသင်းမှ လက်ရွေးစင်ဂိုးသမားဖြစ်ပြီး ယခင် ဆိုစီဒက်တွင် ကစားနေစဉ်က မန်စီးတီးလက်ရှိဂိုးနည်းပြ မန်ချီစီဒါနှင့် အတူ လက်တွဲခဲ့ဖူးသူဖြစ်သည်။

အသက် ၃၃နှစ်အရွယ် ဘရာဗိုမှာ ဘာစီလိုနာ၏ ဦးစားပေး ဂိုးသမားဖြစ်ခြင်းကြောင့် ခေါ်ယူနိုင်ရေးမှာ  သေချာလှသော အနေအထားတွင် မရှိသေးပေ။

ဂွာဒီယိုလာမှာ လက်ရှိယူရိုပြိုင်ပွဲကြီး ပြီးဆုံးသွားသည့်အခါတွင်မှ မန်စီးတီးအတွက် ကစားသမားအပြောင်းအရွှေ့များကို စီစဉ်လိမ့်မည်ဖြစ်သည်။

U Myo Thant

<< Back Euro 2016


Advertisement
Here