Euro 2016

ယာယီနည်းပြခန့်မည့် အင်္ဂလန်

Jun 29 , 2016

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် နည်းပြ ဟော့ဆန် နှုတ်ထွက်သွားပြီးနောက် အင်္ဂလန် ယူ-၂၁နည်းပြ ဆောက်ဂိတ်ကို တာဝန်ပေးရန် စီစဉ်နေကြောင်း သိရသည်။

အင်္ဂလန်အသင်းမှာ လာမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ပြင်ဆင်ရဦးမည်ဖြစ်ရာ စိတ်ကြိုက်နည်းပြ မရမီ ဆောက်ဂိတ်ကို တာဝန်ပေးရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA မှ CEO ဂလင်း၊ နည်းစနစ်ဒါရိုက်တာ အက်ရှ်ဝါ့သ်၊ ဒုဥက္ကဋ္ဌ ဒေးဗစ်ဂီးလ်တို့မှာ နည်းပြ သစ်ခန့်အပ်ရေးအတွက် တွေ့ဆုံခဲ့ကြပြီး အင်္ဂလိပ်လူမျိုး မဟုတ်သော တိုင်းတစ်ပါးမှ နည်းပြလည်း ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

ဆောက်ဂိတ်မှာ ပြီးခဲ့သည့် တူလောင်းဖိတ်ခေါ်ပြိုင်ပွဲတွင် အင်္ဂလန် ယူ-၂၁ကို အောင်မြင်မှုရရန် ဦးဆောင်ပေးခဲ့သူဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here