ဗိုလ်လုမည့် မန်ယူနှင့်လီဗာပူး

Aug 04 , 2014

အင်္ဂလန်ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံး ၂ သင်းအဖြစ် မှတ်တမ်းဝင်ထားသည့် မန်ယူနှင့်လီဗာပူးတို့သည် မနက်ဖြန်တွင် ဖလော်ရီဒါ၌ နိုင်ငံတကာချန်ပီယံရှစ်ဖလား ဗိုလ်လုပွဲ ကစားကြရတော့မည် ဖြစ်သည်။

လွန်ခဲ့သောရာသီက ဗိုလ်စွဲလုနီးပါးအခြေအနေအထိ ရောက်ခဲ့သော ပရီးမီးယားလိဂ်တွင် လီဗာပူးက မန်ယူကို ၃:၀ ဖြင့် နိုင်ခဲ့ကာ အမှတ် ၂၀ ဖြတ်ကစားနိုင်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ မန်ယူမှာ လူသစ်အချို့နှင့်အတူ နည်းပြသစ် ဗန်ဂေါလ်လက်ထက်တွင် ကစားပုံကောင်းလာနေပြီဖြစ်၍ ယခုဗိုလ်လုပွဲမှာ ခြေစမ်းပွဲဆန်သော်လည်း အစွမ်းကုန် ကစားရမည်မှာ သေချာလှသည်။

ယခုပြိုင်ပွဲတွင် မန်ယူမှာ အင်တာ၊ ရိုးမား၊ ရီးရဲလ်တို့ကိုကျော်ဖြတ်ခဲ့ပြီး လီဗာပူးမှာ အိုလံပီယာကော့စ်၊ မန်စီးတီး၊ မီလန်တို့ ကို ကျော်ဖြတ်၍ နောက်ဆုံး ဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

U Myo Thant




<< Back


Advertisement
Here