Ligue-1 News

ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လိုသူ

Jun 30 , 2016

မိုနာကိုအသင်းသို့ ပြန်ရောက်လာတော့မည့် တိုက်စစ်မှုး ဖယ်ကာအိုက သူ့အနေနှင့် ပြင်သစ်လိဂ်ဝမ်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်မျိုး လိုချင်မိကြောင်း ပြောဆိုလိုက်သည်။

ဖယ်ကာအိုမှာ အက်သလက်တီကိုမှာ မိုနာကိုသို့ ၂၀၁၃တွင် ရောက်ရှိခဲ့ပြီး လိဂ်ပွဲ ၁၇ပွဲတွင် ၉ဂိုး သွင်းနိုင်ခဲ့သည်။ ထို့နောက် ဒဏ်ရာဖြင့် နားနေခဲ့ရကာ ၂၀၁၄-၁၅တွင် မန်ယူသို့ အငှားစာချုပ်ဖြင့် ရောက် ရှိလာသူဖြစ်သည်။

သို့သော် ဖယ်ကာအိုမှာ ပရီးမီးယားလိဂ်နှင့် အကျိုးမပေးခဲ့ပဲ မန်ယူ၊ ချဲလ်ဆီးတို့တွင် တစ်ရာသီစီ နေခဲ့ပြီး ခြေစွမ်းမပြနိုင်သော ကာလများကိုသာ ဖြတ်သန်းခဲ့ရသည်။

ဖယ်ကာအိုအနေနှင့် ချဲလ်ဆီးတွင် အငှားကစားသမားဘ၀ ပြီးဆုံးခဲ့ပြီဖြစ်သဖြင့် ယခု ၂၀၁၆-၁၇ရာသီတွင် မိခင်ကလပ် မိုနာကိုသို့ ပြန်လာရတော့မည်ဖြစ်သည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here