Euro 2016

အင်္ဂလန်နည်းပြဖြစ်လာနိုင်သော ဘလန့်စ်

Jun 30 , 2016

PSG နှင့် ပြင်သစ်လက်ရွေးစင်နည်းပြဟောင်း လောရင့် ဘလန့်စ်မှာ နည်းပြဟော့ဆန်၏ နေရာကို ဆက်ခံကာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဖြစ်လာနိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိ သည်။

PSG ကို သုံးနှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဖြစ်စေခဲ့သော ဘလန့်စ်မှာ လွန်ခဲ့သော ရက်ပိုင်းကပင် PSGနှင့် လမ်းခွဲခဲ့သူတစ်ဦးဖြစ်သည်။

မန်ယူကစားသမားဟောင်း တစ်ဦးဖြစ်ခဲ့သူ ဘလန့်စ်မှာ ယခင်မန်ယူ CEOဖြစ်သူ ယခု FA ဒုဥက္ကဋ္ဌ ဒေးဗစ်ဂီးလ် သဘောကျသူတစ်ဦးဖြစ်သည့်အတွက် မည်သည့်နိုင်ငံသားဖြစ်စေ အင်္ဂလန်အသင်းအတွက် သင့်တော်လျှင် ခန့်မည်ဟူသော သဘောထားကြောင့်လည်း အင်္ဂလန်နည်းပြ ဖြစ်လာနိုင်ချေရှိသူတစ်ဦး ဖြစ်သည်။

ထို့ပြင် ဘလန့်စ်မှာ အင်္ဂလိပ်စကားပြော ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အသင်းကို ယူရို ၂၀၁၂ပြိုင်ပွဲတွင် ကွာတားအထိ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

အင်္ဂလန် ယူ-၂၁နည်းပြ ဆောက်ဂိတ်မှာ အင်္ဂလန်ယာယီနည်းပြရာထူးအတွက် စိတ်မ၀င်စားဟုဆိုခဲ့သဖြင့် နည်းပြသစ်ကို အမြန်ဆုံး ခန့်အပ်နိုင်ရန် FAမှ CEO ဂလင်း၊ ဒုဥက္ကဋ္ဌ ဂီးလ်နှင့် နည်းစနစ် ဒါရိုက်တာ အက်ရှ်ဝါ့သ်တို့က အပူတပြင်း တိုင်ပင်ရှာဖွေလျက် ရှိနေသည်။

 

U Myo Thant

<< Back Euro 2016


Advertisement
Here