Europe News

ဘရာဇီးတွင် နေမာပါမည်

Jun 30 , 2016

၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲဝင် ဘရာဇီးအသင်းတွင် ဘာစီလိုနာ တိုက်စစ်မှုး နေမာပါဝင်မည်ဖြစ်သည်။

အသက် ၂၃နှစ်အထက် ကစားသမား ၃ဦး ပါဝင်ခွင့်ပြုထားရာ နေမာ၊ ဘိုင်ယန်တိုက်စစ်မှုး ကော့စတာနှင့် ပါးလ်မီးရပ်စ် ဂိုးသမား ပရက်စ်တို့ ပါဝင်ခဲ့သည်။

၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲကို ဘရာဇီးတွင် လာမည့် ဩဂုတ်လ၌ စတင်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်ဘရာဇီးအသင်းတွင် ဘရာဇီးပြင်ပကလပ်များမှ ကစားသမား ၆ဦးပါဝင်ကာ ၎င်းတို့မှာ မာကင်ဟို့စ် (PSG)၊ ဖရက် (ရှက်တာဒိုးနက်)၊ ရာဖင်ဟာ (ဘာစီလိုနာ)၊ အန်ဒါဆင် (လာဇီယို)၊ နေမာ (ဘာစီလိုနာ)နှင့် ကော့စတာ (ဘိုင်ယန်)တို့ ဖြစ်ကြသည်။

လွန်ခဲ့သောလက ဘရာဇီးအတွက် ပွဲစထွက်ခွင့်ရသည့် ပွဲတွင် ဂိုးသွင်းနိုင်ခဲ့သော ဆန်းတို့စ် တိုက်စစ်မှုး ဘာဘိုဆာမှာ ယခုလူစာရင်းတွင် ပါဝင်ခဲ့သည်။

ကိုပါအမေရိကပြိုင်ပွဲဝင် ဘရာဇီးအသင်းကို ကိုင်တွယ်ခဲ့သူ ဒွန်ဂါမှာ ယခုအသင်းကို ဆက်လက်ကိုင်တွယ်ရန်ဖြစ်သော်လည်း ကိုပါပွဲအပြီးတွင် ထုတ်ပယ်ခံခဲ့ရသဖြင့် ယခုအသင်းကို ဘရာဇီး ယူ-၂၀နည်းပြ မိုက်ကယ်က ကိုင်တွယ်မည်ဟု သိရသည်။

U Myo Thant




<< Back Europe News


Advertisement
Here