Euro 2016

အသင်းကိုယုံတဲ့ ပေါ်တူဂီနည်းပြ

Jun 30 , 2016

ပေါ်တူဂီနည်းပြ ဆန်းတို့စ်က ယနေ့ည ပိုလန်နှင့် တွေ့ရမည့် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် မိမိအသင်းအပေါ် ယုံကြည်မှုအပြည့် ရှိကြောင်း ပြောဆိုလိုက်သည်။

ဆန်းတို့စ်က မိမိတို့သည် စီရိုနယ်ဒို ခြေစွမ်းပြနိုင်သည်ဖြစ်စေ၊ မပြနိုင်သည်ဖြစ်စေ တစ်သင်းလုံး ကစားနိုင်အားကို ယုံ ကြည်ကြောင်း  ယနေ့ညပွဲကို ၅၀/၅၀ ရာနှုန်းစီ နိုင်ခြေရှိသည်ဟု ဆိုကြကြောင်း၊ လူတိုင်းက စီရိုနယ်ဒိုအကြောင်း ကိုသာ ပြောဆိုနေကြကြောင်း၊ သို့သော် တစ်သင်းလုံး၏ ကစားအားနှင့် ကစားကွက်သည်သာ အသင်း၏အနိုင်၊ အရှုံးကို ဆုံးဖြတ်သွားလိမ့်မည်ဖြစ်ကြောင်း၊ မိမိတွင် ကစားပုံပြည့်ဝနေသော ကစားသမား ၂၃ဦးရှိနေပြီဖြစ်ကြောင်း၊ ဒဏ်ရာရှိနေသည့် ၂ယောက်ခန့်မှ လွဲ၍ အားလုံးသည် အဆင့်သင့်ဖြစ်နေကြကြောင်း ပြောဆိုသွားခဲ့သည်။

ယူရို ၂၀၁၆၏ ပထမကွာတားဖိုင်နယ်ပွဲအဖြစ် ပေါ်တူဂီနှင့် ပိုလန်တို့ ယနေ့ည ၁း၃၀တွင် စတင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

U Myo Thant

<< Back Euro 2016


Advertisement
Here