Euro 2016

အင်္ဂလန်နည်းပြဖြစ်လိုသူ

Jun 30 , 2016

၂၀၀၂ ကမ္ဘာ့ဖလားပွဲတွင် ဘရာဇီးကို ချန်ပီယံဖြစ်စေခဲ့သော အသက် ၆၇နှစ်အရွယ် စကိုလာရီက လစ်လပ်နေသော အင်္ဂလန် နည်းပြရာထူးနေရာကို ရလိုကြောင်း ပြောဆိုလိုက်သည်။

စကိုလာရီမှာ အဲရစ်ဆင်ကို ဆက်ခံ၍ အင်္ဂလန်နည်းပြရာထူးရရန် ၂၀၀၆ ခုနစ်က အခွင့်အရေးရခဲ့သေးသူဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ၆လကြာ နည်းပြပေးခဲ့သူလည်းဖြစ်သည်။

စကိုလာရီမှာ အသင်းနည်းပြအဖြစ် ၁၉၈၂မှစ၍ ကလပ်အသင်းများနှင့် နိုင်ငံအသင်းများကို တာဝန်ယူခဲ့ဖူးရာ ကူဝိတ်၊ ဘရာဇီး၊ ပေါ်တူဂီစသည့် နိုင်ငံအသင်းများ ပါဝင်ခဲ့သည်။

၂၀၁၂မှ ၂၀၁၄ အထိ ဘရာဇီးကို ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၄-၁၅ရာသီတွင် ဘရာဇီးကလပ် ဂရေမီယိုကို တာဝန်ယူခဲ့ပြီး ၂၀၁၅မှစ၍ တရုတ်ကလပ် ဂွန်ဇူးနည်းပြအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

စကိုလာရီက ကျနော်ဟာ ဂွန်ဇူးနည်းပြအဖြစ် ရှိနေပေမယ့် အင်္ဂလန်နည်းပြ ရာထူးဆိုတာ အရေးပါတဲ့ နေရာဆိုတာကိုလည်း သိပါ တယ်။ ကျနော်ဟာ အင်္ဂလိပ်ဘောလုံးလောကနဲ့ စိမ်းသူမဟုတ်ပါဘူးဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here