Euro 2016

စံချိန်ချိုးသော ဆန်းချက်စ်

Jul 01 , 2016

ပေါ်တူဂီအသင်းမှ ရီနာတိုဆန်းချက်စ်မှာ လက်ရှိယှဉ်ပြိုင်နေဆဲဖြစ်သော ယူရို ၂၀၁၆ပြိုင်ပွဲတွင် စံချိန်နှစ်ခု ချိုးနိုင်ခဲ့ပြီဖြစ်သည်။

၁၈နှစ်သား ဆန်းချက်စ်မှာ ပိုလန်နှင့် ကစားရသည့် ကွာတားဖိုင်နယ်ပွဲတွင် ပွဲဦးထွက်လူစာရင်းတွင် ပါဝင်ခဲ့သဖြင့် စီရိုနယ်ဒို တင်ထားခဲ့သော အဓိကပြိုင်ပွဲကြီးတွင် ၀င်ကစားခွင့်ရခဲ့သည့် အသက်အငယ် ဆုံး ကစားသမားစံချိန်ကို ချိုးနိုင်ခဲ့ကာ ယင်းပွဲတွင် ဂိုးပါသွင်းနိုင်ခဲ့သဖြင့် ယူရို ပြိုင်ပွဲကြီးများ၏ ရှုံး/ထွက်ပွဲများတွင် အသက်အငယ်ဆုံးဖြင့် ဂိုးသွင်းနိုင်သည့် စံချိန်ကိုပါ ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ဆန်းချက်စ်မှာ ဘင်ဖီကာမှ ဘိုင်ယန်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုကဲ့သို့ စံချိန် ၂ခုတင်နိုင်ခဲ့သဖြင့်များစွာ ဂုဏ်ယူမိ ပါကြောင်း ပြောဆိုသွားခဲ့သည်။

ဆန်းချက်စ်မှာ ခရိုအေးရှားနှင့် ကစားရသည့်  ရှုံး/ထွက်ပွဲတွင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုရခဲ့ပြီး ပိုလန်နှင့် ပွဲတွင်လည်း ထိုဆုကို ထပ်မံရရှိခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here